မုဒုံပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များမှ ရုံးပတ်ဝန်းကျင်သန့်ရှင်းရေး စုပေါင်းပြုလုပ်

 

မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးဝင်း သန့်ရှင်းလှပစေရေးအတွက် ဇူလိုင်လ ၉ ရက်နေ့တွင် နံနက် ၇ နာရီချိန်မှစတင်ကာ ရုံးပတ်ဝန်းကျင်သန့်ရှင်းလှပစေရေးအတွက် မုဒုံမြို့နယ်တာဝန်ခံ ပြည်နယ်ပါတီကော်မတီဝင် ဦးဇော်မြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးရွှေသွေးမောင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် လူငယ်များစုပေါင်းကာ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများဖောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင့် သိရှိရပါသည်။