ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလံတင် အခမ်းအနားကျင်းပခြင်း
ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလံတင်အခမ်းအနားကို (၉.၇.၂၀၁၈) ရက်နေ့ တွင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းကော်မတီဝင် ညောင်ဦးခရိုင် နယ်မြေတာဝန်ခံ ဦးသန်းဌေး၊ညောင်ဦးခရိုင်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်မင်းနှင့် ခရိုင်ကော်မတီဝင်များ၊ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ဆန်းဦးနှင့် မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကျေးပါတီ ဝင်များတက်ရောက်၍ ပြည်ခိုင်ဖြိုးပါတီ အလံတင်အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည် ။