ဖြိုးစေတနာနယ်လှည့်အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်

 

ရန်ကုန် ဇူလိုင် ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၏ ဖြိုးစေတနာနယ် လှည့်အခမဲ့ ကျန်းမားရေးစောင့် ရှောက်မှုအဖွဲ့သည်တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များကို ကျန်းမာရေးစောင့်ရှောက် မှုများပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဒေသခံပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက် မှုကို ယနေ့ နံနက် ၉နာရီမှ ညနေ ၄နာရီအထိ တောင်ဥက္ကလာပမြို့ နယ် ၁၄/၁ ရပ်ကွက် အရိယဓမ္မ ရုံတွင် ဆောင်ရွက်ပေးခဲ့သည်။

”ရပ်ကွက်နေ ပြည်သူတွေ ရော၊ ပါတီဝင်တွေရောပေါ့။ ပါတီ အနေနဲ့ ကျန်းမာရေးစောင့်ရှောက် မှုပေးတဲ့သဘောပါ။ အခြားသော မြို့နယ်တွေမှာလည်း လုပ်နေပါ တယ်”ဟု မြို့နယ်ပါတီတာဝန်ရှိ သူတစ်ဦးက ပြောသည်။
ဖြိုးစေတနာနယ်လှည့် အခမဲ့ ကျန်းမားရေးစောင့်ရှောက်မှုအဖွဲ့မှ ဒေါက်တာအောင်နိုင်ဦး (အထွေ ထွေ ရောဂါကုဆရာဝန်)၊ ဒေါက် တာဇော်လင်းဖြိုး(သွားရောဂါကု ဆရာဝန်)နှင့်သူနာပြုများ၊သူနာ ပြုအကူများနှင့်ပါတီတာဝန်ရှိသူ များဦးဆောင်၍ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူ၂ဝဝ ခန့်ကို ယနေ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
”ဒီကိုလာပြီး ကျန်းမာရေး စောင့်ရှောက်မှုခံယူဖို့အတွက်အခက် အခဲရှိတဲ့ တချို့သက်ကြီးရွယ်အို အဘိုး၊ အဘွားတွေ၊ မသန်စွမ်း သူတွေကို ကျွန်တော်တို့အနေနဲ့ အနှေးယာဉ်တွေနဲ့ ကြို/ပို့ စီစဉ် ဆောင်ရွက်ပေးခဲ့ပါတယ်။ သူတို့ အတွက်လည်း အဆင်ပြေပြေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူ နိုင်တာပေါ့”ဟု အထက်ပါ မြို့ နယ် ပါတီတာဝန်ရှိသူမှ ဆက် လက်ပြောကြားသည်။

ဖြိုးစေတနာနယ်လှည့်အခမဲ့ ကျန်းမာရေးစောင့်ရှောက်နေမှုကို တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီကော် မတီဝင်များဖြစ်ကြသောဒေါ်လဲ့လဲ့ အေး၊ ကိုမျိုးဝင်းကျော်၊ ဒေါ်ရင် ချောလှိုင်၊တောင်ဥက္ကလာပမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၃ ခုမှ ပါတီဥက္ကဋ္ဌများနှင့်ကော်မတီဝင် များက လာရောက်ပူးပေါင်းကူညီ လုပ်အားဒါနပေးခဲ့ပြီး ဖြိုးစေတနာ နယ်လှည့်အခမဲ့ကျန်းမာရေးစောင့် ရှောက်မှုအဖွဲ့သည် အရိယဓမ္မာရုံ တာဝန်ရှိသူများထံအလှူငွေများ လည်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယူဒီနေ