အေးချမ်းသူတို့စံပျော်ရာ သွေးလှူရှင်အသင်း လပတ်အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီတက်ရောက် ငွေလှူဒါန်း

 

မအူပင် ဇူလိုင် ၎

ဧရာဝတီတိုင်းဒေသကြီး မအူ ပင် ခရိုင် မအူပင်မြို့နယ်၌ ဖွဲ့စည်း ထားသော အေးချမ်းသူတို့စံပျော် ရာ သွေးလှူရှင်အသင်း၏ လပတ် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ မအူပင် မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မြို့သစ် ၄ လမ်းရှိ ဦးကြည်သန်း နေအိမ်၌ ကျင်းပခဲ့ကြောင်း သိရ သည်။
အခမ်းအနားတွင် အေးချမ်းသူ တို့စံပျော်ရာ သွေးလှူရှင်အသင်း အတွင်းရေးမှူး ဦးတင်အောင်ရွှေက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြဆွေးနွေးခြင်း၊ အမှတ် ၁၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက် ခိုင်က အမှာစကားပြောကြားခြင်း၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးစောသောင်းဒန်ကအသင်း ကြီး တိုးတက်ရာတိုးတက်ကြောင်း အတွက် လမ်းညွှန်အမှာစကားပြော ကြားခြင်း၊ မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီမှ အသင်းရန်ပုံငွေအဖြစ် ငွေငါးသောင်းကျပ် လှူဒါန်းခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါအခမ်းအနားသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော် မတီဝင် ဦးဝင်းကျော်ကျော်၊ မအူပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အေးချမ်းသူတို့ စံပျော်ရာသွေးလှူရှင်အသင်းဥက္ကဋ္ဌ နှင့်အမှုဆောင်များ၊ အမှတ် ၁၂ ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နှင့် ရပ်ကျေးပါတီကော်မတီဝင် များ၊ အမှတ်၁၂ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးသက်ခိုင်နှင် ရပ်မိရပ်ဖ များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

ဖြိုးမောင်ဇော်(မအူပင်)