Union Solidarity and Development Party Published by Daw Gyi Thuzar · 3 hrs · တိုင်းဒေသကြီးပါတီနှင့်အဖွဲ့ မြို့နယ်ပါတီလုပ်ငန်းရပ်များ ကွင်းဆင်းစစ်ဆေး

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပါတီရုံးသို့ ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် မြို့နယ်ဥက္ကဋ္ဌနှင့်မြို့နယ်ကော်မတီများဖြင့် လာရောက်တွေ့ဆုံဆွေးပွဲကျင်းပခဲ့သည်။ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌဦးအောင်ချိုဦး၊ အတွင်းရေးမှူး ဦးကျော်ကျော် လင်း၊ ကော်မတီဝင် ဦးသန်းဇော်ထွန်း၊ ဒေါ်ထားထားနု၊ ဦးကျော်မြင့်၊ ခရိုင်ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ခရိုင်အတွင်းရေးမှူး ဦးဇော်ဝေလင်း၊ ကော်မတီဝင် ဦးကျော်မင်းထွန်းတို့ တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦးကအဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးအတွင်းရေးမှူး ဦးကျော်ကျော်လင်းက ရှေးလုပ်ငန်းစဉ်နှင့်ပါတီကိစ္စအရပ်ရပ်ကို ကြီးကြပ်စစ်ဆေးဆောင် ရွက်နိုင်ရန်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဒုတိယ ဥက္ကဋ္ဌနှင့်အဖွဲ့မှ ပါတီတွင်းလုပ်ငန်းရပ်များကြီးကြပ်စစ်ဆေးမှု၊ ကွင်း ဆင်းဆောင်ရွက်မှုများ စနစ်တကျဆောင်ရွက်ကြပြီး မွန်းလွဲ ၃နာရီ တွင် အစည်းအဝေးအောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။

စိုးသစ္စာ