ဆွီဒင်-ဆွစ်ဇာလန်၊ ကိုလံဘီယာ-အင်္ဂလန် တို့ အကြိတ်အနယ် ယှဉ်ပြိုင်မည့်ည

ဆွီဒင်-ဆွစ်ဇာလန်

(ည ၈ နာရီခွဲ)

ဂျာမနီ၊ မက္ကဆီကိုနှင့် တောင်ကိုရီးယားတို့ပါဝင်သော အုပ်စုတွင် ဆွီဒင်အုပ်စုပထမရခဲ့ခြင်းသည် ကံကြောင့် မဟုတ်ဘဲ ကြိုးစားမှု၏ ရလဒ်သာဖြစ်သည်။

ဂျာမနီကို နာကျင်အချိန်ပိုအနိုင်ဂိုးဖြင့် ရှုံးနိမ့်ပြီး မျှော်လင့်ချက်မဲ့သလိုဖြစ်ခဲ့သော်လည်း ဆွီဒင်သည် မက္ကဆီကိုကို သုံးဂိုးပြတ် အနိုင်ယူခဲ့ခြင်းက စိတ်ဓာတ်မာကျောမှုကြောင့်ဖြစ်သည်။ မျှော်လင့်ခံထားရခြင်း မရှိသောကြောင့် ဖိအားကင်းကင်း ကစားနိုင်ခြင်းက ဆွီဒင်အတွက် အားသာချက် ဖြစ်စေသည်။

ဆွစ်ဇာလန်သည် ဆွီဒင်ကဲ့ သို့ ခံစစ်ကျစ်လျစ်သလို တန်ပြန် တိုက်စစ်အားပြု ကစားပုံချင်းလည်း ဆင်တူသည်။ ကွင်းလယ်လူ စတီဗင်ဇူဘာ ဖျားနာနေသောကြောင့် ပါဝင်ရန်မသေချာသလို ဖာသီယန်ချားနှင့်အသင်းခေါင်း လီချန်စတိန်နာတို့ အဝါကတ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်၍ ယင်းမှာ ဆွစ်ဇာလန်အတွက် ထိုးနှက်ချက် ဖြစ်သည်။ ထိပ်တိုက်တွေ့ဆုံမှုတွင် ၁၀ကြိမ်စီ အနိုင်ရထားပြီး  ခုနစ်ကြိမ်သရေထားသည်။ 

ဆွီဒင်က မထင်မှတ်ဖွယ်ရာများ ဆက်လုပ်ပြနိုင်မည်ဟု ဘောလုံးဝက်ဘ်ဆိုက်များက ခန့်မှန်းထားသည်။

ကိုလံဘီယာ-အင်္ဂလန်

(ည ၁၂ နာရီခွဲ)

အုပ်စုအဖွင့်တွင် ရှုံးပွဲကြုံသော်လည်း ကျန်ပွဲများကို အနိုင်ရအောင် စွမ်းဆောင်နိုင်သည့်အသင်း အနည်းငယ်သာ ရှိရာ ယင်းတွင် ကိုလံဘီယာပါဝင်သည်။  အခက်ခဲဆုံးအချိန်ကို ဖြတ်ကျော်နိုင်ခဲ့သောကြောင့် ကိုလံဘီယာသည်  ယုံကြည်မှု အထွတ်အထိပ်ရောက်နေပြီး  ပြိုင်ဘက်ကို အချိန်မရွေး ဒုက္ခပေးနိုင်သည်။

လူငယ်ခြေတက်များဖြင့် ဖွဲ့စည်းထားသောအင်္ဂလန်က တစ်ပွဲလုံးကစားအားမကျအောင် ကစားနိုင်သည့် အားသာချက် ရှိသော်လည်း ရှေ့တန်းတွင် ဟယ်ရီကိန်းကလွဲ၍ ကျန်ကစားသမားများ အဆုံးသတ်မသေချာပေ။

ပင်နယ်တီအဆုံးအဖြတ်ခံ ယူမှုနှင့်ပတ်သက်လျှင် မှတ်တမ်းဆိုးရှိသောကြောင့် အင်္ဂလန်အနေဖြင့် သာမန် ပွဲချိန်အတွင်း ကိုလံဘီယာကို အနိုင်ယူရန် အရေးကြီးသည်။

ထိပ်တိုက်တွေ့ဆုံမှုငါးကြိမ်တွင် သုံးပွဲနိုင်၊ နှစ်ပွဲသရေကျထားသည့် အင်္ဂလန်က အနိုင်ရဖို့များသည်။   

—Ref:Goonersguide.com