မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၂)ရပ်ကွက်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်နှင့်အလံတော်တင်အခမ်းအနားကျင်းပ
မန္တလေး ဇူလိုင် ၁
မန္တလေးမြို့ချမ်းမြသာစည်မြို့ နယ် မြို့သစ်(၂)ရပ်ကွက်တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှင့်အလံတော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈နာရီ က ကျင်းပခဲ့သည်။
”ကျွန်တော်တို့အနေနဲ့ ပါတီ ဗဟိုဌာနချုပ်ရဲ့ လမ်းညွှန်ချက်များ နဲ့အညီ တိုင်းဒေသကြီးပါတီနဲ့ ခရိုင် ပါတီတို့ရဲ့ ဦးဆောင်မှုများနဲ့ပါတီ လုပ်ငန်းများကို ဆောင်ရွက်နေပါ တယ်။
အခုလည်း ဒီမြို့သစ်(၂)ရပ်ကွက်မှာ ပါတီလုပ်ငန်းများ ပိုမိုဆောင်ရွက်ပြီး ပြည်သူ့အကျိုးဝိုင်းဝန်းကူညီနိုင်ဖို့အတွက် ရပ်/ကျေး ပါတီရုံးမှာ ရပ်/ကျေးပါတီ ဆိုင်းဘုတ်နဲ့ပါတီအလံတော်တင်အခမ်းအနားကို ကျင်းပခဲ့တာပါ” ဟု ချမ်းမြသာစည်မြို့နယ် ပါတီ အတွင်းရေးမှူးဦးကျော်သက်ထွန်းက ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့မန္တလေး ခရိုင်ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူးဒေါ်ဝါဝါလှိုင်၊ ခရိုင်ကော်မတီဝင်များဖြစ် ကြသောဦးတင်မြင့်၊ ဦးဝင်းလှိုင်ငြိမ်းနှင့်ဦးညီညီမင်း၊ ချမ်းမြသာစည်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်အတွင်းရေးမှူး ဦးကျော်သက်ထွန်း၊ မြို့နယ်ဘဏ္ဍာရေးမှူးဦးတင့်သောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌများနှင့်ပါတီဝင် များအပါ အဝင်စုစုပေါင်း အင်အား ၅ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သုတ