စီရော်နယ်ဒို ထုတ်ပယ်ခံရသင့်တယ်လို့ ကွီရော့ဇ် ဒေါသတကြီးဝေဖန်

အီရန်အသင်းနည်းပြ ကားလို့ကွီရော့ဇ်က ပေါ်တူဂီနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဘက် စီရော်နယ်ဒိုကို ဒိုင်လူကြီးက ထုတ်ပယ်သင့်တယ်လို့ ဝေဖန်လိုက်ပါတယ်။

အဲဒီတိုက်စစ်မှူးကို မထုတ်ခဲ့တဲ့အပေါ် ကွီရော့ဇ်က ဒေါသထွက်နေပြီး ပွဲအပြီးမှာ ဖီဖာကိုရော VAR စနစ်ကိုပါ ပြင်းထန်စွာ ဝေဖန်ခဲ့တာပါ။ ပွဲပြီးဖို့၁၀ မိနစ်အလိုလောက်မှာ စီရော်နယ်ဒိုဟာ ဘောလုံးမရှိဘဲ အီရန် ကစားသမား တစ်ဦးကို တံတောင်နဲ့ တွတ်ခဲ့ပါတယ်။ ဒါကို VAR ပြန်ကြည့်ခဲ့ပေမယ့် ဒိုင်လူကြီးက အ၀ါကတ်သာ ပြသခဲ့လို့ ကွီရော့ဇ်က ဒေါသထွက်ခဲ့တာပါ။ သူက“တံတောင်နဲ့ တွတ်ခဲ့တဲ့ဖြစ်ရပ် ရှိခဲ့လို့ VAR ပြန်ကြည့်ခဲ့တယ်ဗျာ။ စည်းမျဉ်းအရဆိုရင် ဒါဟာ အနီကတ်ပဲလေ။ စီရော်နယ်ဒို လုပ်ခဲ့တာလား မက်ဆီလုပ်ခဲ့ တာလားဆိုတဲ့ သတ်မှတ်ချက် မရှိပါဘူး။ ကျွန်တော့်သမီးအကြောင်း ပြန်ပြောရရင် ကျွန်တော် အဖိုးဖြစ် မဖြစ်သိဖို့ပါဘဲ။ သူကိုယ်ဝန် ရှိ မရှိ သိဖို့မှမလိုတာ။ ဒီနေရာမှာ ဒိုင်လူကြီးရဲ့ လုပ်ဆောင်ချက်ကို ကျွန်တော် ပြောလိုတာ မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်မှာ သူ့ရဲ့စိတ်နေစိတ်ထား၊ ရဲရင့်မှု၊ စရိုက်တို့နဲ့ဘဲ သက်ဆိုင်တာပါ။ စည်းမျဉ်းဆိုတာ လူတိုင်းအတွက် ဖြစ်ရမယ်လေ။ မစ္စတာ အင်ဖန်တီနို၊ ဖီဖာနဲ့ VAR တို့က အလုပ်မဖြစ်ပါဘူး”လို့ ပြောသွားပါတယ်။

 

90Minutes