ကမ္ဘာ့ဖလားနည်းပြလစာများတွင် ဂျာမနီအများဆုံးရ၊ ဆီနီဂေါ အနည်းဆုံးဖြစ်

ကမ္ဘာ့ဖလားယှဉ်ပြိုင်နေသော အသင်း (၃၂) သင်းကို ကိုင်တွယ်နေသော နည်းပြများတွင် အသင်းကို အော်ဟစ်၍ တွန်းအားပေးနေသော နည်းပြများရှိသလို တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အကွက်ချနေသော နည်းပြများ တွေ့ရပြီး ၎င်းတို့၏ လစာများလည်း မတူညီပေ။

နည်းပြ ၃၂ ဦးအနက် ဂျာမနီနည်းပြ ဂျိုအာချင်လိုသည် လစာအများဆုံးဖြစ်ပြီး တစ်နှစ်လျှင် ယူရို ၃ ဒသမ ၈၅ သန်း ရရှိသည်။ အနည်းဆုံးမှာ ဆီနီဂေါနည်းပြ စီဆီဖြစ်ပြီး တစ်နှစ်လစာ ယူရို နှစ်သိန်းသာ ရရှိသဖြင့် ဂျိုအာချင် လို၏ အစွန်းထွက်ပင် မရှိပေ။

ဂျိုအာချင်လိုပြီးနာက် ဒုတိယ အများဆုံး ရရှိသူသည် ဘရာဇီး နည်းပြတိုက်ဖြစ်ပြီး တစ်နှစ်လျှင် ယူရို ၃ ဒသမ ၅ သန်း ရသည်။ ပြင်သစ်နည်းပြ ဒက်စ်ချမ့်ကယူရို ၃ ဒသမ ၅ သန်းရရှိကာ  ထုတ်ပယ်ခံရသော စပိန်နည်းပြ လိုပါတီဂူက ယူရိုသုံးသန်း ရရှိသည်။ ပဉ္စမနေရာတွင် အိမ်ရှင်ရုရှားနည်းပြ ချာချီဆော့ဗ်က ယူရို ၂ ဒသမ ၆ သန်း ရှိနေသည်။

ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်း တို့စ်က ယူရို ၂ ဒသမ ၂၅ သန်းရရှိကာ အီရန်နည်းပြ ကွီးရော့စ်က ယူရိုနှစ်သန်း၊ အင်္ဂလန်နည်းပြ ဆောက်သ်ဂိတ်က ယူရိုနှစ်သန်း၊ အာဂျင်တီးနားနည်းပြ ဆမ်ပါအို လီက ယူရို ၁ ဒသမ ၈ သန်း၊ ဥရု ဂွေးမှ  တာဘာရက်စ်က ယူရို ၁ ဒသမ ၇ သန်းဖြင့် အသီးသီးရပ်တည်နေသည်။

အောက်ဆုံးတွင် ဆီနီဂေါ နည်းပြ စီဆီ၏အထက်၌ ပိုလန် နည်းပြ နာဝယ်လ်ကာက ယူရို ၂၇၀,၀၀၀ ဖြင့် ဒုတိယအနည်းဆုံး၊ ဆားဘီးယားနည်းပြကာစတာဂျစ်က ယူရို ၃၀၀,၀၀၀ ဖြင့် တတိယအနည်းဆုံး၊ ယင်းနောက် ကော်စတာရီကာနည်းပြ ရာမီရက်ဇ်က ယူရို ၃၅၀,၀၀၀၊ တူနီးရှားနည်းပြမာကိုလ်က ယူရို ၃၅၀,၀၀၀ ဖြင့် အသီးသီး ရပ်တည်နေသည်။

—Ref:Internet