သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပညာသင်ထောက်ပံ့ကြေးပေးအပ်

 

ရန်ကုန် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ် အမှုဆောင်ဦးကျင်ဝင်းနှင့် ဦးသိန်းအောင်တို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက တိုက်နယ်တာဝန်ခံ ဦးသောင်းအေး၊ ရဲနွဲ့ကျေးရွာပါတီ ဝင်များနှင့်အတူ ရဲနွဲ့ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှမင်းဇော်- ဒေါ်ခင်အေးခိုင်တို့၏သား မောင်ရှိုင်းထက်အောင်(၂ဝ၁၈တက္ကသိုလ် ဝင်တန်းအောင်)အား ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၅ဝဝဝဝကို နေအိမ်သို့သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော်(သုံးခွ)