အမေရိကန်သို့ လာလည်ရန် ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက် ကင်မ်ဂျုံအန်း လက်ခံ

ဇွန် ၁၃

အမေရိကန်သို့ လာရောက်လည်ပတ်ရန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အား မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဘက်က လက်ခံခဲ့ကြောင်း ယနေ့ ဇွန်လ ၁၃ ရက် မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

ယမန်နေ့ ဇွန်လ ၁၂ ရက်က သမိုင်းဝင် စင်ကာပူ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ထရမ့်က ကင်မ် ကို အိမ်ဖြူတော်ထံ လာလည်ဖို့ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

ကင်မ်ဂျုံအန်းနဲ့ ဒေါ်နယ်ထရမ့်တို့ကတော့ ယမန်နေ့က စင်ကာပူမှာ ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင် တွေ့ဆုံ ပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ယင်း သမိုင်းဝင် တွေ့ဆုံစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးသားအကြား ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင် နိုင်ခဲ့သလို သမိုင်းဝင် သဘောတူညီချက်တစ်ရပ်ကိုပါ လက်မှတ်ရေးထိုးနိုင်ခဲ့ ပါတယ်။

ဒါ့အပြင် နှစ်ဦးအကြား နောက်ထပ် ထပ်မံတွေ့ဆုံကြဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

EFE EPA