မဲပြန်လည်ရေတွက်မှု မတိုင်မီ အီရတ်ရှိ ဆန္ဒမဲလက်မှတ် သိုလှောင်ရုံကြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား

မေလက ကျင်းပပြီးစီးခဲ့သော အီရတ် ပါလီမန်ရွေးကောက်ပွဲများအတွင်း မဲမသမာမှုများ ရှိခဲ့သည်ဆိုသည့် စွဲချက်များကြောင့် မဲရလဒ်များကို ပြန်လည်ရေတွက်ရရန် ရှိနေစဉ် ယမန်နေ့က နိုင်ငံတွင် အကြီးဆုံးသော ဆန္ဒမဲလက်မှတ် သိုလှောင်ရုံကြီးတစ်ခု၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မြို့တော် ဘဂ္ဂဒက်၏ အရှေ့ပိုင်းရှိ အယ်လ် ရက်ဆာဖာ ခရိုင်ရှိ အဆိုပါ မဲလက်မှတ် သိုလှောင်ရုံတွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းမှုကို မီးသတ်သမားများ လာရောက်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရပြီး မီးလောင်ကျွမ်းရခြင်း၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ယခု မဲရုံမီးလောင်ကျွမ်းမှုကြောင့် ဆန္ဒမဲလက်မှတ်များ ပျက်စီးဆုံးရှုံးသွားပြီးလား ဆိုသည်ကိုလည်း ရှင်းရှင်း လင်းလင်း မသိရသေးပေ။ သို့ရာတွင် တာဝန်ရှိသူများကမူ မီးလောင်သွားသည့် ကုန်လှောင်ရုံအတွင်း မဲပုံးတစ်ချို့သာ ရှိသောကြောင့် မဲလက်မှတ်အများစုက လုံခြုံစိတ်ချရသည်ဟု ထုတ်ဖော်ပြောသည်။

ယမန်လက ကျင်းပခဲ့သည့်  အီရတ် ပါလီမန်ရွေးကောက်ပွဲများတွင် မွတ်ဆလင် ဘာသာရေးခေါင်းဆောင် မိုတာဒါ ဆာဒါ ဦးဆောင်သည့် မဟာမိတ်အဖွဲ့က မျှော်လင့်မထားဘဲ အနိုင်ရရှိ ထားခဲ့သည်။

သို့သော် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည် ဆိုသော စွဲချက်များ ထွက်ပေါ်ခဲ့ခြင်းကြောင့် မဲလက်မှတ် ဆယ်သန်းခန့်ကို ပြန်လည်ရေတွက်ရန် ပါလီမန်က ညွှန်ကြားထားခဲ့သည်။

-Ref; AFP