မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အခြေခံကွန်ပျူတာသင်တန်း (၃/၂ဝ၁၈)ဆင်းပွဲ

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူးဖွင့်လှစ်ခဲ့သော အခြေခံကွန်ပျူ တာသင်တန်း (၃/၂ဝ၁၈)ဆင်းပွဲ ကို ယမန်နေ့ ညနေ ၄ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းလှိုင်က အမှာ စကားပြောကြားခဲ့ပြီး သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် မြို့နယ်ပါတီအတွင်း ရေးမှူးဦးတင်ရှိန်နှင့်သင်တန်းဆရာ များဖြစ်သော ဦးမင်းသူရနှင့်ဦးသူရ ထွန်းတို့က သင်တန်းဆင်းလက် မှတ်များကို အသီးသီးပေးအပ်ခဲ့ သည်။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊အတွင်းရေးမှူးဦးတင် ရှိန်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ သင်တန်းဆရာများနှင့် သင် တန်းသားသင်တန်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)