ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ငွေစက္ကူထုတ်မည်

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးသိန်းက ပြောပါတယ်။

ဒီလို ထုတ်ဝေမှာကိုတော့ အခုအစိုးရလက်ထက်မှာလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့လို ထုတ်ဝေမှုအတွက် အားလုံးပြင်ဆင်ပြီးသားဖြစ်ပြီးတော့ ဒီအစိုးရလက်ထက်မှာ ထုတ်လုပ်မှာဖြစ်တယ်လို့ နေပြည်တော်မှာ ပြုလုပ်တဲ့ အစိုးရလက်ထက်အတွင်း ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပါတ်သတ်ပြိး သတင်းထောက်တွေက မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာပါ။

ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်အဆင့်အဆင့် အတည်ပြုပြီးဖြစ်တာကြောင့် ငွေစက္ကူထုတ်ဝေမယ့် အသေးစိတ်အစီအစဉ်တွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။

‘‘ငွေစက္ကူတစ်ခုကို ထုတ်ဖို့ စဉ်းစားရတာကနေပြီးတော့ ထုတ်တဲ့အဆင့်ထိရောက်အောင် လုပ်ဖို့ဆိုရင် ကိုးလကနေ တစ်နှစ်အထိ အချိန်ယူရပါတယ်။ အဲဒီတော့ ဘယ်ဟာက စထုတ်မလဲဆိုတာ က ထိုနည်းလည်းကောင်းပါပဲ။ Technically ဆန်တဲ့  ကိစ္စပါ။ လူတွေရဲ့ လက်ထဲကို ဘယ်လို ရောက်စေချင်တာလဲ။ များများ ပြန့်သွားစေချင်တာလား။ ဒီလို စဉ်းစားရတဲ့အချက်တွေက အများကြီး ရှိပါတယ်။ ဒါကြောင့်မို့လို့ အတည်ပြုတဲ့ အတိုင်း ဆက်ထုတ် သွားမှာဖြစ်ပါတယ်’’ဟု ဦးစိုးသိန်း ကပြောပါတယ်။

ငွေစက္ကူအမျိုးအစားကို ဘယ်လို ထုတ်မယ်ဆိုတာကို ပြောလို့ မရသေးကြောင်းနဲ့ အဆင့်ဆင့် သတ်မှတ်ချက် တွေနဲ့ အညီထုတ်ဝေမှာဖြစ်တယ်လို့ သိရပါတယ်။

Source – 7 Day Daily