ရွာသာကျေးရွာနှင့် မင်းသမီးကျေးရွာတို့တွင် ပါတီဆိုင်းဘုတ်သစ်တင်ပွဲနှင့် ပါတီဝင်တွေ့ဆုံပွဲကျင်းပ

တမူး၊ မေ ၂၈

တမူးခရိုင် ခမ်းပါတ်မြို့ ရွာသာကျေးရွာအုပ်စုတို့တွင် ယနေ့မွန်းလွဲ ၁ နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ် တင်ပွဲနှင့် ပါတီဝင်တွေ့ဆုံပွဲအခမ်းအနား ကျင်းပသည်။

ပါတီဆိုင်းဘုတ်များအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေ က ပါတီရေးရာကိစ္စများ၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသားရေးဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ မေးမြန်းတင်ပြချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးကာ ဒေသဖွံ့ဖြိုးရေးညှိနှိုင်းပေါင်းစပ် ဆောက်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီးမွန်းလွဲ ၃ နာရီတွင် မင်းသမီးကျေးရွာတွင် ကျင်းပသော ပါတီဆိုင်းဘုတ်သစ်တင်ပွဲနှင့်တွေ့ဆုံပွဲသို့ တက်ရာက်အားပေးခဲ့ပြီး ပါတီဆိုင်းဘုတ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါအခမ်းအနားများသို့ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေ၊ ခရိုင်ပါတီကော်မတီဝင် ဦးစောအောင်ပွင့်၊ မြို့နယ် ပါတီအတွင်းရေးမှူး ဦးဇော်မင်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးသိန်းÓဏ်၊ ဦးမောင်သန်း၊ ဦးဇော်ထွဋ်ဆွေ၊ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးသန်းကျော်၊ ဦးလှိုင်မြင့်သန်းတို့ တက်ရောက် အားပေးကြသည်။

ကိုကိုရွှေ