စပါးနည်းပြပိုချက်တီနို အသင်းနှင့်(၅)နှစ် စာချုပ်သစ် ချုပ်ဆို

စပါးနည်းပြ ပိုချက်တီနိုဟာ အသင်းနဲ့(၅)နှစ်စာချုပ် သစ်ချုပ်ဆိုလိုက်တာကြောင့် စပါးမှာ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေမှာပဲ ဖြစ်ပါတယ်။

စာချုပ်သစ်အရ ပိုချက်တီနိုဟာ တစ်နှစ်ပေါင်(၈.၅)သန်း ရရှိမှာပါ။ အသက်(၄၆)နှစ်အရွယ် ပိုချက်တီနိုဟာ ၂၀၁၄ မေလမှာ စပါးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး လွန်ခဲ့တဲ့(၃)ရာသီမှာ အဆင့်(၃)နေရာနဲ့ ရာသီသိမ်းနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ဖြစ်ပါတယ်။

ပိုချက်တီနိုရဲ့ပထမအသင်းနည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ပီရက်ဇ်၊ ဒီအဂို့စ်တီနို၊ ဂျီမီနက်ဇ်တို့လည်း စပါးနဲ့စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ စပါးနည်းပြ ပိုချက်တီနိုက “စပါးအသင်းနဲ့ ကာလရှည်စာချုပ် သစ်ချုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ စပါးနည်းပြပိုချက်တီနိုဟာ လာမယ့်ရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်း တည်ဆောက်ဖို့ အာရုံစိုက်နေပါတယ်။

-Ref; Sky sports