ထိုင်းနိုင်ငံမှာ အငှားယာဉ်မောင်းကို ဗိုလ်ချုပ်အမှတ်နဲ့ လာဘ်ငွေပေးခဲ့တဲ့ ရဲအရာရှိ(၆)ဦး တရားစွဲဆိုခံရ
ထိုင်းနိုင်ငံမှာ ရာထူးတိုးပေးဖို့အတွက် လာဘ်ငွေပေးခဲ့တဲ့ ရဲအရာရှိ(၆)ဦးကို အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
အဲ့ဒီရဲအရာရှိတွေ လာဘ်ငွေပေးခဲ့သူဟာ ဗိုလ်ချုပ် ဆူရာချာတီ ဟက်ပန် လို့ ဟန်ဆောင်ထားတဲ့ အငှားယာဉ်မောင်းတစ်ဦးဖြစ်ပါတယ်။
အသက်(၄၅)နှစ်အရွယ် အငှားယာဉ်မောင်းဟာ သူ့ရဲ့ လူမှုကွန်ရက် LINE application ရဲ့ profile မှာ ဗိုလ်ချုပ် ဆူရာချာတီရဲ့ဓာတ်ပုံကို တင်ထားတာပါ။
အဲဒါကြောင့် ရဲအရာရှိတွေက သူ့ကို ဗိုလ်ချုပ် ဆူရာချာတီ ထင်ပြီး ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ်က အမေရိကန်ဒေါ်လာ (၁)သိန်းကျော် လာဘ်ငွေပေးခဲ့တယ်လို့ ဆိုပါတယ်။
ရဲအရာရှိ(၁)ဦးဟာ လာဘ်ငွေပေးချိန်နဲ့ ရာထူးတိုးခံလိုက်ရချိန်ဟာ မတော်တဆတိုက်ဆိုင်သွားတာကြောင့် အခြားရဲအရာရှိတွေကပါ လာဘ်ငွေပေးခဲ့ကြတာ ဖြစ်ပါတယ်။
တက္ကစီယာဉ်မောင်းကို ကွန်ပျူတာရာဇ၀တ်မှု ဥပဒေချိုးဖောက်မှုအပြင် လိမ်လည်မှုနဲ့ ဖမ်းဆီးကာ တရားစွဲဆိုခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
5 PLUS NEWS