ကျောက်တန်းပြည်ခိုင်ဖြိုးပါတီမှ အခြေခံမော်တာနင်း (အခမဲ့) စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ထပ်မံဖွင့်လှစ်
ရန်ကုန်၊ မေ ၂၂
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော အခြေခံမော်တာနင်း (အခမဲ့) စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင်တာက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်မောင်တာနှင့် ကော်မတီဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာမှပါတီဥက္ကဋ္ဌ များ၊ သင်ထောက်ကူပစ္စည်းထောက်ပံ့ကူညီပေးသော ဦးလှဝင်းနှင့် သင်တန်းကြီးကြပ်ဆရာမ ဒေါ်မြမြနှင့် ဆရာများ၊ သင်တန်းသားသင်တန်းသူ ၂ဝ တက်ရောက်ကြသည်။ အဆိုပါသင်တန်းကာလမှာ ခုနစ်ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျောက်တန်း