ဟယ်ရီကိန်းကို အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်

အင်္ဂလန်နည်းပြဆောက်ဂိတ်က တိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာသွားလိုက်သည်။

ဟယ်ရီကိန်းမှာ စပါးဒုတိယအသင်းခေါင်းဆောင်လည်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ရခြင်းဖြစ်သည်။ ၄င်းမှာ ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၃၀ သွင်းယူပြခဲ့ပြီး ၄င်းရာသီမတိုင်မီ ပရီးမီးယားလိဂ်ရွှေ့ဖိနပ်ဆုကို ၂ရာသီဆက်တိုက်ရယူခဲ့သူဖြစ်သည်။

နည်းပြဆောက်ဂိတ်က ကိန်းမှာ ဂိုးသွင်းကောင်းသည့် ထိပ်တန်းတိုက်စစ်မှူး တစ်ဦးဖြစ်သည့်အပြင် အသင်းကို ဦးဆောင်နိုင်စွမ်းရှိခြင်းကြောင့် အသင်းခေါင်းဆောင်အဖြစ် ရွေးချယ် လိုက်ခြင်းဖြစ်သည်ဟု ပြောသွားခဲ့သည်။

သို့သော်လည်း ဟယ်ရီကိန်းကို တစ်သင်းလုံးက ၀ိုင်းဝန်းထောက်ပံ့ပေးသွားရန် လိုအပ်သည်ဟုပြောသွားခဲ့သည်။ ဟယ်ရီကိန်းကလည်း အသင်းခေါင်းဆောင်တစ်ဦးဖြစ်ဖို့ သာမန်ထက် အနည်းငယ် ပိုကောင်းရမည် ဖြစ်သည်ဟု ဆိုလိုက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းခေါင်းဆောင်ခန့်အပ်ခံရခြင်းကို အလွန်စိတ်လှုပ်ရှားမိသည်ဟု ပြောသွားခဲ့သည်။

ထို့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို မစောင့်နိုင်အောင်ဖြစ်နေပြီဟု ပြောသွားခဲ့သည်။ ၄င်းအနေဖြင့် အင်္ဂလန် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ခဲ့သော်လည်း ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီး အတွက် ပထမဆုံးအကြိမ်အဖြစ်အသင်းခေါင်းဆောင်ဖြစ်လာခြင်းဖြစ်သည်။

 

-Ref; Sky sports