မူးယစ်သမားတွေ အသက်ရှည်ချင်ရင် လာအဖမ်းခံပြီး ထောင်ထဲမှာနေဖို့ ဒူတာတေးပြော

အင်္ဂါနေ့က ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ မှုးယစ်ဆေးဝါးအမှုများနဲ့ ကျော်ကြားနေသူတွေကို အသက်ရှည်ရှည်နေချင်ရင် လာ အဖမ်းခံဖို့ ထောင်ထဲမှာနေမှ အသက်ရှည်မှာ ဖြစ်တယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

သမ္မတ အနေနဲ့ မည်သူမည်ဝါဆိုတာ နာမည်ထုတ်ဖေါ်ပြောဆိုတာမျိုးမဟုတ်ပေမဲ့ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဆီဘူးမှာ ရှိတဲ့ မှုးယစ်ဆေးဝါးကုန်ကူးပြီး ကြွယ်ဝချမ်းသာလာသူတွေကို ရည်ညွှန်း ပြောဆိုတာဖြစ်ပါတယ်။ သူက မင်းတို့ အသက်ရှည်ရှည်နေချင်ကြသလား၊ ထောင်ထဲမှာလာနေကြ၊ အပြင်ကို မထွက်ကြနဲ့ မင်းတို့ကျန်းမာရေး အတွက် အခြေအနေမကောင်းဘူးလို့ ပြောဆိုပါတယ်။

ဒါပေမဲ့ ၀၁၆ခုနှစ်က ထောင်နန်းစံနေရတဲ့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေသူ မြို့တော်ဝန်ဟောင်းကို ထောင်ထဲမှာ သေနတ်ပစ်သတ်ခံရပါတယ်။ ရဲက အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားလိြု့ ဖစ်တယ်လို့ ပြောဆိုပေမဲ့ အစိုးရ စုံစမ်းရေးအဖွဲ့က စုံစမ်းချက်တွေအရကတော့ တမင်သတ်ဖြတ်လိုက်တာ ဖြစ်တယ်လို့ အစီရင်ခံထားပါတယ်။

-Ref; RFA