ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပါတီ ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၁၈) အား ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ (၁) ၌ ဆက်လက်ကျင်းပသည်။

အစီအစဉ်အရ ရေးရာကော်မတီတာဝန်ခံများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်း တင်ပြကြသည်။ ဆက်လက်၍ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ရှင်းလင်းဆွေးနွေးချက် များအပေါ် ခြုံငုံသုံးသပ်ပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ၁၂ နာရီ ၄၅ မိနစ်တွင် အောက်မြင်စွာပြီးစီးခဲ့သည်။

အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံ များ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး / ပြည်နယ်ပါတီဥက္ကဋ္ဌများ နှင့် ဒုတိယဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။