အိုဇေးလ်နှင့် ဂန်ဒိုဂန်တို့ကို ဂျာမနီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဝေဖန်
တူရကီသမ္မတ အာဒိုဂန်နဲ့ဓာတ်ပုံအတူတွဲရိုက်ခဲ့တဲ့ အိုဇေးလ်နဲ့ ဂန်ဒိုဂန်တို့ကို ဂျာမနီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဂရင်ဒယ်လ်က ဝေဖန်လိုက်ပါတယ်။
အာဆင်နယ်နဲ့ မန်စီးတီးကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အိုဇေးလ်နဲ့ ဂန်ဒိုဂန်တို့ဟာ တနင်္ဂနွေနေ့က လန်ဒန်မှာ တူရကီသမ္မတအာဒိုဂန်နဲ့ အတူဓာတ်ပုံရိုက်ခဲ့ကြတာပါ။ အဆိုပါကွင်းလယ်ကစားသမားနှစ်ယောက်စလုံးဟာ တူရကီမိသားစုမျိုးနွယ်ကဆင်းသက်ခဲ့ပေမယ့် ဂျာမနီနိုင်ငံ၊ ဂျယ်ဆန်ကာချန်မှာ မွေးဖွားခဲ့သူတွေဖြစ်ပြီး မွေးဖွားခဲ့တဲ့ ဂျာမနီအသင်းကိုပဲ ကိုယ်စားပြုကစားဖို့ ရွေးချယ်ခဲ့ကြပါတယ်။
ဂျာမနီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဂရင်ဒယ်လ်ကတော့ တူရကီသမ္မတအာဒိုဂန်နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ အိုဇေးလ်နဲ့ ဂန်ဒိုဂန်တို့ရဲ့လုပ်ဆာင်မှုဟာ ကောင်းမွန်တဲ့အရာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
ဂရင်ဒယ်လ်က “ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ ကျွန်တော်တို့ကစားသမားတွေရဲ့နောက်ခံအထူးအခြေအနေအပေါ် လေးစားမှု ရှိပါတယ်။
ဒါပေမယ့် မစ္စတာအာဒိုဂန်ဟာ လေးစားဖို့လုံလောက်မှုမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်က ယုံကြည်ပါတယ်။ ဒါကြောင့် သူ့ရဲ့ရွေးကောက်ပွဲအစီအစဉ်အတွက် ကျွန်တော်တို့ရဲ့ ကစားသမားတွေကိုယ်တိုင် အလွဲသုံးစား လုပ်ခွင့်ပေးတာက ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒါဟာ ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ပေါင်းစည်းစွာလုပ်ဆောင်မှုကို ကူညီတာမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
-Ref; Sky sports