ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေး က ခေါင်းဆောင်တစ်ယောက်အပေါ်မှာ လိုအပ်တာထက် ပိုပြီး မှီခိုအားထားလွန်းခြင်းသည် အဖွဲ့အစည်းရဲ့ ပျက်စီးခြင်း လမ်းစဖြစ်တယ်ဟုပြောကြားလိုက်ပါတယ်

 

၁၄.၅.၂၀၁၈ ရက်နေ့ နံနက်ပိုင်းကေ နပြည်တော်မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲအဖွင့်အမှာစကားမှာ ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။

– ပါတီဥက္ကဋ္ဌကြီးက ပြောကြားရာမှာ –
ယနေ့ကျင်းပပြုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲဟာ အလွန်အရေးပါတဲ့ ဆွေးနွေးပွဲ ဖြစ်ကြောင်း အများအကျိုးအတွက် ဒေသဆိုင်ရာ တာဝန်ရှိသူများ အချိန်ယူပြီး ပေါင်းစပ်ညှိနှိုင်း နည်းလမ်းရှာခြင်း ဖြစ်ကြောင်း…
ပြည်သူအားလုံး တစ်စိတ် တစ်ဝမ်းတည်း ညီညွတ်မှုအားနဲ့ ဂုဏ်သိက္ခာ မြင့်မားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအဖြစ် ပြန်လည်ထူထောင် ပေးချင်လို့၊ ထူထောင်ပေးနိုင်ဖို့ဖြစ်ကြောင်း..
အဲဒီ လုပ်ငန်းစဉ်တွေကို ဘယ်သူတွေက လုပ်ကြရမှာလဲဆိုရင် ပါတီဝင်အားလုံးက စိတ်အား ထက်သန်စွာနဲ့ နိုင်ငံသားပြည်သူများနှင့် စုပေါင်းကြိုးစားကြရမှာ ဖြစ်ကြောင်း…..
ပါတီဆိုတာ လူအများနှင့် ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် “ ခေါင်းဆောင် ”နဲ့“ ခေါင်းဆောင်မှု ” ဆိုတာလည်း ရှိလာတာဖြစ်တယ်..
ခေါင်းဆောင်ရယ်လို့ ဖြစ်လာတာနဲ့ အောင်မြင်တဲ့ခေါင်းဆောင်မှု ဖြစ်ဖို့အတွက် “ တာဝန်ယူမှုနဲ့ တာဝန်ခံမှု ”ဟာ မလွဲမသွေမရှိမဖြစ်နဲ့ အရေးတကြီးကို လိုအပ်လာတယ်လို့ မြင်ပါတယ်။ ခေါင်းဆောင်နေရာရောက် လာရင်တော့ အဲဒီတာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိမှအများက ယုံကြည် အားထားတဲ့ ခေါင်းဆောင်များဖြစ်ပြီး မိမိတို့ရဲ့ အဓိကတာဝန် ဖြစ်တဲ့ အဖွဲ့၏ ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်နဲ့ တာဝန် ဝတ္တရားများ အကောင် အထည်ဖော်ရာမှာ
အောင်မြင်ပါလိမ့်မယ်၊။
အဆင့်ဆင့်သော ပါတီခေါင်းဆောင်များ အနေဖြင့်ဆောင်ရွက်သမျှ ပါတီလုပ်ငန်းတိုင်းမှာ လူငယ်များကို ယုံယုံကြည်ကြည် တိုင်ပင် တာဝန်ပေးပြီး လက်တွဲ သွားကြဖို့လဲ တိုက်တွန်းပါတယ်၊
လူတိုင်းက ဘက်စုံမတတ် မကျွမ်းကျင်သလို ခေါင်းဆောင်နေရာမှာ ရာသက်ပန်နေလို့လဲ မရနိုင်ပါဘူး၊
လူငယ်များကို ယခုကတည်းက လက်တွဲလေ့ကျင့်ပေးတာဟာ နောင်အနာဂါတ်အတွက် ပိုမိုကောင်းကျိုး ဖြစ်ထွန်းပါမယ်။
– ခေါင်းဆောင်တစ်ယောက် အပေါ်မှာ လိုအပ်တာထက်ပိုပြီး မှီခိုအားထား လွန်းခြင်းသည်လဲ အဖွဲ့အစည်းရဲ့ ပျက်စီးခြင်း လမ်းစဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့ အဖွဲ့အစည်း၏ရောက်ရှိနေတဲ့ေ ခါင်းဆောင်မှု ကွပ်ကဲမှု အဆင့်ဆင့်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နှင့်ရေရှည်ခိုင်မာတောင့်တင်းပြီး အောင်မြင်တဲ့ ပါတီကြီးအဖြစ် နိုင်ငံနှင့် ပြည်သူအကျိုးသယ်ပိုးနိုင်အောင်
ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ် ဟု ပြောကြားခဲ့ပါတယ်။

#credit