သောမတ်စ်တူချယ်ကို နည်းပြသစ်အဖြစ် ခန့်လိုက်ပြီလို့ ပီအက်စ်ဂျီကြေညာ

ပီအက်စ်ဂျီအသင်းဟာ လာမယ့်ရာသီအတွက် နည်းပြသစ်အဖြစ် ဒေါ့မန်နည်းပြဟောင်း သောမတ်စ်တူချယ်ကို ခန့်အပ်လိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်။

ဒီဂျာမန်သားဟာ ပီအက်စ်ဂျီနဲ့ ရာသီကုန်ရင်လမ်းခွဲမယ့် အမ်မရီနေရာမှာ အစားဝင်ရမှာဖြစ်ပါတယ်။ အသက် ၄၄ နှစ် ရှိပြီဖြစ်တဲ့ တူချယ်ဟာပီအက်စ်ဂျီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး ကလပ်ပိုင်ရှင်တွေက အလိုရှိနေတဲ့ ချန်ပီယံလိဂ်ဖလားအရယူရေးဟာ သူ့အတွက် စိန်ခေါ်မှုဖြစ်လာမယ်လို့လည်း သုံးသပ်ကြပါတယ်။

သူ့အတွက်သိပ်ကို ကြီးကျယ်ခမ်းနားလှတဲ့ အလုပ်ဖြစ်ပြီး ရည်မှန်းချက်ကြီးမားတဲ့အသင်းကို တာဝန်ယူခဲ့ရတာ ဖြစ်တယ်လို့ တူချယ်က ပြောသွားပါတယ်။

ကလပ်ဥက္ကဌ အယ်ခီလိုင်ဖီက တူချယ်ဟာ တိုက်စစ်ဆင်တဲ့ ဒဿနနဲ့အတူ ဥရောပမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထွက်ပေါ်လာတဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နည်းပြတစ်ဦးဖြစ်တယ်လို့ ပြောသွားပါတယ်။

90Minutes