လေဘေးသင့်ပြည်သူများအား မြန်အောင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့တွင် ယခုလ ၁၂ ရက် မွန်းလွဲ ၃ နာရီ မိနစ်၂ဝခန့်က လေ ပြင်းတိုက်ခတ်မှုကြောင့် မြန်အောင် မြို့နယ်ရှိသပြေကုန်းတိုက်နယ်တွင် နေအိမ် ၃၈ လုံး၊ တောင်ရိုးတိုက် နယ်တွင် နေအိမ် ၂၆ လုံး၊ ရွှေကျင် တိုက်နယ် ညောင်ဝိုင်းအုပ်စုတို့တွင် နေအိမ် ၁၇ လုံး စုစုပေါင်း နေအိမ် ၈၁ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့တွင်မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် အဖွဲ့ဝင်များက တောင်ရိုးတိုက်နယ် ရှိ လေဘေးသင့်ပြည်သူများအား ဆန်များ သွားရောက်ထောက်ပံ့ ခဲ့ကြပြီး မြန်အောင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအတွင်းရေးမှူး ဦးနေဝင်းဇော် နှင့်အဖွဲ့ဝင်များက ယနေ့နံနက် ပိုင်းတွင် သပြေကုန်းအုပ်စု ကျွဲ ခေါင်းကြီးကျေးရွာနှင့် ရွှေကျင် အုပ်စု သရက်ပင်ဆယ်ကျေးရွာများ သို့သွားရောက်ကာ ပြိုကျပျက်စီး သွားသောနေအိမ်များမှ လေဘေး သင့်အိမ်ထောင်စုများအား တစ်အိမ် လျှင် ဆန် ၁၂ ပြည်နှုန်းဖြင့် သွား ရောက်လှူဒါန်းခဲ့ကြသည်။

ထို့နောက် သပြေကုန်းအုပ်စု ရွှေကျင်အုပ်စုတို့မှ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဝင်များနှင့်တွေ့ဆုံကာ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အားဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ဇင်မိုးလေး