ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ တာဝန်ပေးအပ်ပွဲကျင်းပ
ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ပါတီ ကော်မတီဝင်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှကြီးမှူး၍ မြို့နယ်ပါတီ ရုံးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ခရိုင် ပါတီကော်မတီဝင်ဦးဇော်ဝင်းခေါင်၊ ကမာရွတ်မြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုး အောင်၊မြို့နယ်အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ် ကွက်ပါတီဥက္ကဋ္ဌများ၊ ကော်မတီ ဝင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြုကာ နိုင်ငံတော် သီချင်းသီဆို၍ဖွင့်လှစ်ပြီး ကမာ ရွတ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုး အောင်က အဖွင့်အမှာစကားပြော ကြားခဲ့သည်။ ထို့နောက် မြို့နယ် ပါတီအတွင်းရေးမှူးနှင့်ပါတီကော် မတီဝင်များမှ ရပ်ကွက်ပါတီ ဥက္ကဋ္ဌ တာဝန်ပေးအပ်လွှာများကို ပေးအပ်၍ အခမ်းအနားကို ရုပ် သိမ်းခဲ့ကြောင်း သိရသည်။
ဇော်ဝင်းခေါင်