ဝန်ထမ်းပေါင်း ၅၀၀နဲ့ မန်စီးတီးအသင်း ဆုဖလားရမှုအောင်ပွဲခံ

မန်စီးတီးအသင်းဟာ ဟက်ဒါဖီးလ်နဲ့ ဂိုးမရှိ သရေကျပြီးတဲ့ပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို လက်ခံရယူခဲ့ပြီးနောက် တစ်သင်းလုံးအပြင် ကလပ်နဲ့သက်ဆိုင်တဲ့ဝန်ထမ်း ၅၀၀ ကိုပါဖိတ်ကြားပြီး အောင်ပွဲခံ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လူအရမ်းများလွန်းတဲ့အတွက် ဘားတွေ၊ စားသောက်ဆိုင်တွေမှာ ပြုလုပ်ခဲ့ခြင်း မရှိဘဲ မန်ချက်စတာမြို့က တမ်ပါရန့်စ်လမ်းမှာ ရှိတဲ့ စွန့်ပစ်ထားတဲ့ ဂိုဒေါင်အဟောင်းတစ်ခုမှာ ပါတီပွဲကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ပါဝင်သူ အရမ်းများလွန်းတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက အဲဒီလမ်းကို ပိတ်လိုက်ပြီး ယာဉ်ကြောမကျပ်အောင် လုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

-Ref; Sky sports