ဖုန်းမျက်နှာပြင်တွင် လက်ဗွေဖတ်စနစ်ပါဝင်သော Vivo X21 စမတ်ဖုန်း စတင်မိတ်ဆက်

ဖုန်းမျက်နှာပြင်ပေါ် တွင် လက်ဗွေဖတ်စနစ် ပါဝင်သော X21 စမတ်ဖုန်းကို တရုတ် ဖုန်းကုမ္ပဏီ Vivo က စင်ကာပူနိုင်ငံ ၌ မိတ်ဆက်ရောင်းချခဲ့သည်။ စင်ကာပူနိုင်ငံသည် အရှေ့ တောင်အာရှတွင် X21 စမတ်ဖုန်း ရောင်းချသည့် ပထမဆုံးဈေး ကွက်ဖြစ်ပြီး ယင်းဖုန်းကို ၇၉၉ ဒေါ်လာဖြင့် ဝယ်ယူရရှိနိုင်သည်။

၆ ဒသမ ၂၈ လက်မအကျယ် ရှိ ဖုန်းမျက်နှာပြင်ပေါ်တွင် လက်ဗွေဖတ်စနစ်သင်္ကေတ ထည့်သွင်းပေးထား သည် မှာ X21 စမတ်ဖုန်း၏ အထူးခြားဆုံးအချက်ဖြစ်သည်။ အခြားဖုန်းများတွင် လက်ဗွေဖတ်စနစ်ကို ဖုန်း ကိုယ်ထည်နောက်ဘက် (သို့မ ဟုတ်) ဖုန်းမှန်အောက်ဘက်နား တွင် ထည့်သွင်းပေးထားလေ့ရှိ သည်။

X21 စမတ်ဖုန်းအသုံးပြုသူ များအနေဖြင့် မျက်နှာပြင်ပေါ်ရှိ လက်ဗွေဖတ်သင်္ကေတကို ထိရုံ ဖြင့် ဖုန်းဖွင့်နိုင်သလို မျက်နှာပြရုံ  ဖြင့်လည်း ဖွင့်နိုင်သည်။ X21 စ မတ်ဖုန်းသည် Vivo X20 Plus UD စမတ်ဖုန်းပြီးလျှင် ဖုန်းမှန် မျက်နှာ ပြင်ပေါ်တွင် လက်ဗွေ ဖတ်စနစ် သင်္ကေတ ထည့်သွင်း ပေးထားသည့် ဒုတိယမျိုးဆက် ဖြစ်သည်။

‘‘အသုံးပြုသူတွေအတွက် မတူခြားနားတဲ့ဖုန်းအသုံးပြုမှု အတွေ့အကြုံရရှိစေဖို့ ဉာဏ်ရည်တု (AI) နဲ့အတူ ဖုန်းမှန်မျက်နှာပြင်ပေါ်မှာ ကမ္ဘာ့ပထမဆုံးလက်ဗွေဖတ်စနစ်ပါဝင်တဲ့ X21 စမတ်ဖုန်းကို ရောင်းချရလို့ ကျွန်တော်တို့ ကျေနပ်မိပါတယ်’’ ဟု စင်ကာပူ နိုင်ငံဆိုင်ရာ Vivo အမှုဆောင် အရာရှိချုပ် မစ္စတာလျူဟောင် ဘင်က ပြောသည်။ ထို့အပြင် Vivo သည် စင်ကာပူနိုင်ငံဆိုင်ရာ ၎င်းတို့ ၏ ဂီတ သံတမန်အဖြစ် စင်ကာပူနိုင်ငံ သား တေးရေးဆရာနှင့် အဆို တော် နာသန်ဟာတိုနီအား ခန့် အပ်မည် ဖြစ်ကြောင်း ကြေညာသည်။

-Ref:Straitstimes.com