ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဒလမြို့နယ် တောင်သူလယ်သမားကိုယ်စားလှယ်များအား တွေ့ဆုံ
ရန်ကုန်၊ မေ ၆
ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဒလမြို့နယ် တောင်သူလယ်သမားကိုယ်စားလှယ်များအား တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ဓနုတ်စံပြကျေးရွာ၌ပြုလုပ်ခဲ့ရာ တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး တောင်သူလယ်သမားများနှင့်ဆိုင်သော ပါတီ၏ချမှတ်ထား သည့် မူဝါဒလမ်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးဝင်းထွန်းနိုင် (ခ) ဦးရွှေဘော်က ဒလမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ လိုအပ်ချက်များသိရှိနိုင်ရန် ကွင်းဆင်းထိတွေ့ လေ့လာခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးနည်းပညာဗဟုသုတများ၊ CSO အဖွဲ့များဖြင့် လက်တွေ့ဆောင်ရွက်နေရသည့် လုပ်ငန်းအခက်အခဲများ အစုအဖွဲ့ဖြင့် ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ရေးများ၊ ပါတီ၏မူဝါဒနှင့်အညီ ကူညီဖြေရှင်းဆောင်ရွက်လျက် လယ်ယာကဏ္ဍမြင့်မားတိုးတက်၍ ခေတ်မီနည်းစနစ် ပြန့်ပွားနှုန်းများ လျင်မြန်စေရေးဦးတည်ကြောင်း ပြောကြားကာ တက်ရောက်လာသူ လယ်သမားကိုယ်စားလှယ် များက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နံနက် ၁၁ နာရီခန့်တွင် တွေ့ဆုံပွဲပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ တောင်ပိုင်းခရိုင် ဘဏ္ဍာရေးမှူး ဦးစန်းဝင်း၊ ဒလဥက္ကဋ္ဌ ဦးသန်းနိုင်၊ လယ်သမားတာဝန်ခံ ဦးအေးလွင်နှင့် မြို့နယ်ကော်မတီဝင်များ၊ လယ်သမားကိုယ်စားလှယ်များ စုစုပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ ကြောင်း သိရသည်။
မြတ်ဟိန်းကျော်(ကော့မှူး)