လိုင်စင်မရလို့ လက်ဝှေ့ထိုးသတ်ဖို့အစီအစဉ်ကို ဖာဒီနန် စွန့်လွှတ်

မန်ယူအသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်ဟာ လက်ဝှေ့ထိုးသတ်ခွင့် လိုင်စင်မရတဲ့အတွက် ဒီအားကစားနည်းမှာ ပရော်ဖက်ရှင်နယ်အဖြစ် ထိုးသတ်ရေးစီစဉ်ထားမှုကို စွန့်လွှတ်လိုက်တယ်လို့ သိရပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ဖာဒီနန်ဟာ ဘောလုံးကစာခြင်းကနေ အနားယူပြီးနောက် လက်ဝှေ့ထိုးဖို့အတွက် ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကတည်း ကလေ့ကျင့်မှုတွေ ပြုလုပ်ပြီးတစ်ပတ်ကို ၄ကြိမ်ကနေ ၅ ကြိမ်အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်သူ့ရဲ့လိုင်စင်လျှောက်ထားမှုကို ဗြိတိန်လက်ဝှေ့လိုင်စင်ထိန်းချုပ်ရေးအဖွဲ့က ပယ်ချလိုက်တဲ့အတွက် တစ်ပွဲမှ မထိုးရသေးခင်မှာဘဲ လက်ဝှေ့ကနေ အနားယူလိုက်ပြီလို့ သူ့ရဲ့အင်စတာဂရမ်စာမျက်နှာထက်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

90Minutes