ကျုံပျော်မြို့နယ် ၁၇ ကြိမ်မြောက် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲတွင် ပြည်သူလူထု ၁၀၀၀ ကျော် ပါတီဝင်အဆိုပြုလွှာပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ်မှ ကျေးရွာအုပ်စု(၅)ခုမှ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပခဲ့သည်။
အခမ်းအနားအား ၂.၅.၂၀၁၈ ရက်နေ့ မွန်းလွဲ ၁:၃၀ အချိန်တွင် ကျင်းပခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း) ဦးတင်စိုး တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါက်တာထိန်ဝင်း နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးမြင့်ကြိုင် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြုခြင်း နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဦးစွာ ပါတီဝင်အသစ်များမှ ပါတီသို့ ဝင်ရောက်လာခြင်းအကြောင်းအရင်းအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်တာဝန်ရှိသူများ နယ်မြေတာဝန်ခံများမှ အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း) ဦးတင်စိုး တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါက်တာထိန်ဝင်း တို့မှ အသစ်ဝင်ရောက်လာသောပါတီဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဂုဏ်ယူဝမ်းမြောက်ကြောင်းစကားပြောကြားခဲ့သည်။
ထို့နောက် အသစ်ဝင်ရောက်လာသော ပါတီဝင်အသစ်များ၏ အဆိုပြုလွှာ ၁၀၀၀ ကျော်အားပေးအပ်၍ ပါတီရင်ဖိုးတံဆိပ်များတပ်ဆင်ပေးခဲ့သည်။
ယခုကဲ့သို့ ကျုံပျော်မြို့နယ်တွင် ပါတီဝင်အသစ်များအဆိုပြုလွှာများပေးအပ်ခြင်းမှာ ၁၇ ကြိမ်မြောက်ဖြစ်ပြီး ပါတီဝင်အသစ်ဦး ၁၃၈၅၄ ဦးရှိပြီးဖြစ်ကြောင်းသိရသည်။