ဖြိုးစေတနာမှ ပြည်သူများအားအခမဲ့ဆေးကုသဆောင်ရွက်ပေး
ရန်ကုန်မြောက်ပိုင်းခရိုင်လှည်း ကူးမြို့နယ် အနန့်ဘိုကုန်းကျေးရွာ ရှိ(၁၅)မိုင်ရွှေပြည်အေးစေတီတော် ရင်ပြင် ဂေါပကရုံးခန်းမ၌ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဦးဆောင်ပြုလုပ်သော
‘ဖြိုးစေတနာ’နယ်လှည့်အထွေထွေရောဂါအခမဲ့ဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော် မတီဝင် ဒေါက်တာနေလင်း၊ မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာ ရေးမှူး ဦးကြည်စိုး၊ ခရိုင်ကော်မတီဝင် ဦးဝင်းစိုး၊ လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် ကော်မတီဝင်များ၊ ဆရာဝန်၊ သူနာပြု ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဆေးကုသရေးအဖွဲ့မှ အနီး ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများကို ကဆုန်လပြည့်နေ့၌ ကုသိုလ်ဖြစ် အခမဲ့ဆေးဝါးကုသမှုကို ယနေ့နံနက် ၉ နာရီမှစတင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးကုသမှုဆောင်ရွက်ရာတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုကော် မတီဝင် ဒေါက်တာနေလင်း၊ မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာ ရေးမှူး ဦးကြည်စိုး၊ ခရိုင်ကော်မတီဝင် ဦးဝင်းစိုး၊ လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် ကော်မတီဝင်များက ဆေးဝါး ကုသမှု လာရောက်ခံယူကြသော ဒေသခံကျေးရွာနေမိဘပြည်သူများအား လိုအပ်သည့်ဆေးဝါးများအား ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
မြင့်သိန်း(လှိုင်သာယာ)