ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲကျင်းပ
(၃၀.၄.၂၀၁၈) ရက်နေ့ နံနက် (၀၈း၃၀) အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံး၌ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစိုင်းအောင်ကြည်၊ ဦးတင့်လွင်ဦး၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည်၊ အတွင်းရေးမှူး ဒေါ်စံပယ်ဝင်းနှင့်ခရိုင်ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြင်ဦးလွင်မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းနှင့်ကော်မတီဝင်များ၊ ရပ်ကျေးဥက္ကဌများ၊ လူငယ်ကိုယ်စားများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအား နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းမှ အဖွင့်အမှာစကားပြောကြားပြီး လူငယ်တာဝန်ခံ ဦးပြည့်ဖြိုးဝေမှ လူငယ်တွေ့ဆုံပွဲကျင်းပမည့်အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်အခမ်းအနား အစီအစဉ်များအရ တက်ရောက်လာသည့် လူငယ်များမှ အစုအဖွဲ့ (၂) ဖွဲ့ခွဲ၍ နိုင်ငံရေး၊ စည်းရုံးရေးခေါင်းစဉ်များဖြင့် ဆွေးနွေးခြင်း၊ တွေ့ရှိချက်များအား မှတ်တမ်းတင်ခြင်း၊ စာတမ်းပြုစုခြင်းများဆောင်ရွက်ခဲ့ကြပြီး လူငယ်လှုပ်ရှားမှု အဖွဲ့ (၇) ဖွဲ့အတွက် တစ်ဖွဲ့လျင် (၇) ဦးနှုန်းဖြင့် လူငယ်အဖွဲ့ဝင် (၄၉) ဦးအား တက်ရောက်လာသည့်လူငယ်အဖွဲ့ဝင်များက ဆန္ဒမဲပေးရွေးချယ်ခြင်း တိုင်းဒေသကြီးလူငယ်နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခွင့်ရရှိသည့် လူငယ်အဖွဲ့ဝင်များအမည်စာရင်းအား ဖတ်ကြားကြေညာခြင်းတို့အား ဆောင်ရွက်ခဲ့ပြီးနောက် အစုအဖွဲ့အလိုက်ဆွေးနွေးပွဲမှ ရရှိသည့် တွေ့ရှိချက်စာတမ်းအား လူငယ်အဖွဲ့ဝင်နှစ်ဦးက ဖတ်ကြားခဲ့ကာ မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းက နိဂုံးချုပ်အမှာစကားပြောကြား၍ လူငယ်မောင်မယ်လေးများက ဒို့ ပြည်ခိုင်ဖြိုးလူငယ် တေးသီချင်းသီဆိုကာ အခမ်းအနားအောင်မြင်စွာပြီးစီးခဲ့ပါသည်။