လူငယ်ညီလာခံအကြိုလူငယ်နှီးနှောဖလှယ်ပွဲ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြုလုပ်
၃၀.၄.၂၀၁၈ ရက်နေ့ နံနက်(၉) နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်အဆင့်လူငယ်ညီလာခံ အကြိုလူငယ်နှီးနှောဖလှယ်ပွဲကို ပြည်နယ်ပါတီရုံးအပေါ်ထပ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည် ။ အခမ်းအနားတွင် သဘာပတိအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ သဘာပတိအဖွဲ့ဝင်များအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆိုင်၊ မိုင်းခတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကီးကော်တို့မှ ဆောင်ရွက်ခဲ့ပါသည် ။
အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအားသံပြိုင်သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် သဘာပတိကြီးဖြစ်သည့် ဦးစိုင်းလုံးဆိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်ပါတီလူငယ်တာဝန်ခံ ဦးအားဖာမှ ပြည်နယ်လူငယ်ညီလာခံ ကျင်းပမည့်အစီအစဉ်အား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် (၁၀) မြို့နယ်မှ လူငယ်များ မိတ်ဆက်ခြင်းကို ဆောင်ရွက်ပြီး အစီအစဉ်အား ခေတ္တရပ်နားပြီး လူငယ်(၁၄၀) ဦးအား အဖွဲ့ (၇) ဖွဲ့ခွဲပြီး စာတမ်းပြုစုရန်ဆွေးနွေးခြင်းများ ဆက်လက် ဆောင်ရွက်ခဲ့ပါသည် ။ အစုအဖွဲ့အလိုက် စာတမ်းပြုစုဆွေးနွေးမူများကို သဘာပတိနှင့်ြ ပည်နယ်အတွင်းရေးမှူးတို့မှ ကြည့်ရူ့ခဲ့ပါသည်။
ထို့နောက် (၁၁း၁၀) အချိန်တွင် အခမ်းအနားအစီအစဉ်အား ဆက်လက် ကျင်းပရာ ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် ပြည်နယ်လူငယ်ရေးရာတာဝန်ခံ ဦးအားဖာနှင့် အဖွဲ့ဝင် (၆) ဦးမှ အစုအဖွဲ့အလိုက် ဖွဲ့စည်းထားရှိသည့်ဥက္ကဌ၊ အတွင်းရေးမှူး ၊ အဖွဲ့ဝင်များအား အဖွဲ့ (၁) မှ အဖွဲ့ (၇) အထိ တစ်ဦးခြင်းဖြင့် အဖွဲ့လိုက်မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် အစီအစဉ်များအား ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့မှ ပြန်လည်နေရာယူပြီး အစုအဖွဲ့များမှ ရွေးချယ်ထားသော လူငယ်မောင်မယ် (၇) ဦးမှ မိမိတို့သက်ဆိုင်သည့်စာတမ်းများကို ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး
ပြည်နယ်လူငယ်တာဝန်ခံ ဦးအားဖာမှ ပြည်နယ်လူငယ်ညီလာခံ ကျင်းပရခြင်း အပေါ်တွေ့ရှိချက်၊ သုံးသပ်ချက်များနှင့် လူငယ်များ၏ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည် ။ ထို့နောက်ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒု – ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့ပါသည် ။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူများမှ “ပြည်ခိုင်ဖြိုးလူငယ်”သီချင်းအား သံပြိုင်သီဆိုပြီး ယနေ့ပြုလုပ်သည့် ပြည်နယ်အဆင့်လူငယ်ညီလာခံအကြိုနှီးနှောဖလှယ်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေး
နှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အတွင်းရေးမှုး၊ ပြည်နယ်ကော်မတီဝင်များ၊ခရိုင်/မြို့နယ်ပါတီဥက္ကဌများ၊ ခရိုင်/မြို့နယ်ပါတီလူငယ်ခေါင်းဆောင်များ၊ မြို့နယ်(၁၀) မြို့နယ်မှ ပါတီလူငယ်များ စုစုပေါင်းအင်းအား (၂၀၀) ကျော် တက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ဒေါ်မေနှင်းသက်နှင့် တွဲဖက်အခမ်းအနားမှူး
အဖြစ် ဒေါ်ခင်မျိုးသန်းတို့မှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို မွန်းလွဲ(၁) နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပြီး ပြည်နယ်ပါတီမှ ကျိုင်းတုံမြို့ရှိ စိတ်တိုင်းကျ စားသောက်ဆိုင်တွင် နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း
သတင်းရရှိပါသည် ။