အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပ

 

အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုလူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် အောင်လံမြိြု့ ပည်ခိုင်ဖြိုးခန်းမ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပါတီဝင်လူငယ် ​မောင်မယ်အင်အား ၂၅၀ ဦး တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး အရန်ပါတီကော်မတီဝင်၊ သရက်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကျော်၊ တိုင်းကော်မတီဝင် ဦးတင်ဝင်းနှင့် အောင်လံမြို့နယ် ပါတီကော်မတီ ဥက္ကဌနှင့် ကော်မတီဝင်များ တက်ရောက်အားပေးခဲ့ကြပါသည်။