သင်္ဃန်းကျွန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ယဉ်ကျေးလိမ္မာသင်တန်းသားများအား အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး(အရှေ့ ပိုင်းခရိုင်) သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီသည် ကြီးပွားရေးရပ် ကွက် ရတနာသိဒ္ဓိ နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၈ နာရီခွဲက ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းတက်ရောက်နေသော ကျောင်းသားကျောင်းသူလေးများ အားမုန့်နှင့်အချိုရည်များ လှူဒါန်း ခဲ့ကြသည်။ အဆိုပါသင်တန်းကို ကြီးပွားရေးရပ်ကွက် အဝါရောင် မျိုးဆက်သစ် လူငယ်ပရဟိတ အသင်းက ကြီးမှူးကျင်းပခြင်းဖြစ် ပြီး ယခုလ၂ရက် မှ၉ရက်ထိနေ့စဉ် နံနက်၈နာရီမှ မွန်းတည့်၁၂နာရီထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်း သား၁ဝဝ၊ကျောင်းသူ၁ဝဝ ကျော် စုစုပေါင်း ၂ဝဝကျော်တက်ရောက် သင်ကြားခဲ့ကြသည်။

မုန့်နှင့်အချိုရည်များပေးအပ် လှူဒါန်းရာသို့ သင်္ဃန်းကျွန်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင် မြတ်ဇော်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ကြီးပွားရေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကို၊ ကြီး ပွားရေးရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ရပ်ကွက် ပါတီဝင်များ၊လူငယ်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကြည်သိန်း(သင်္ဃန်းကျွန်း)