ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်နှီးနှောဖလှယ်ပွဲကျင်းပ

 

၂၀၁၈ ခုနှစ် ဧပြီလ(၇)ရက်နေ့ နံနက်(၀၈း၃၀)အချိန်တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ လူငယ်နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ အဆိုပါ လူငယ်နှီးနှော ဖလှယ်ပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)နှင့် ပြည်နယ် ကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ ခရိုင်(၅)ခရိုင်မှ ပါတီဥက္ကဋ္ဌများ၊ မြို့နယ်(၁၇)မြို့နယ်မှ မြို့နယ်ဥက္ကဋ္ဌ များနှင့် မြို့နယ်လူငယ်တာဝန်ခံများ၊ လူငယ်ပါတီဝင်များ စုစုပေါင်းအင်အား(၄၂၈)ဦးတက်ရောက်ခဲ့
ကြသည်။ ဆက်လက်၍ အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုကော်မတီဝင်)မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်လူငယ် တာဝန်ခံ ဦးစန်းငွေမှ လူငယ်နှီးနှောဖလှယ်ပွဲ ကျင်ပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး အခမ်းအနား ပထမပိုင်းကို ခေတ္တရပ်နားခဲ့ကြသည်။ ဆက်လက်ပြီး ဒုတိယအစီအစဉ်အရ တက်ရောက် လာကြသော လူငယ်များအား အစုအဖွဲ့(၇)ဖွဲ့ ဖွဲ့စည်းပြီး အစုအဖွဲ့စာတမ်း(၇)စောင်အား ပြုစုခဲ့ကြသည်။

ဆက်လက်၍ ဒုတိယနေ့(၈.၄.၂၀၁၈)နေ့ လူငယ်နှီနှောဖလှယ်ပွဲကို နံနက်(၀၉း၀၀)နာရီအချိန်စတင်ကျင်းပခဲ့ရာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး လူငယ်အစုအဖွဲ့(၇)ဖွဲ့မှ ပြုစုခဲ့ကြသည့် လူငယ်အစုအဖွဲ့(၁)မှ လူငယ်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စာတမ်းကို သံတွဲမြို့နယ်မှ မောင်ပြည့်ဖြိုးအောင်မှလည်းကောင်း၊ လူငယ်အစု အဖွဲ့(၂)မှ လူငယ်နှင့် သတင်းမီဒီယာကဏ္ဍ စာတမ်းကို ပုဏ္ဏားကျွန်းမြို့နယ်မှ မခိုင်ကြည်လှိုင်မှလည်းကောင်း၊ လူငယ်အစုအွဲ့(၃)မှ နိုင်ငံရေးမျိုးဆက်သစ် စာတမ်းကို စစ်တွေမြို့နယ်မှ မသွေးမြတ်ကိုကို မှလည်းကောင်း၊ လူငယ်အစုအဖွဲ့(၄)မှ လူငယ်စွမ်းအားမြှင့်တင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းကို ကျောက်ဖြူမြို့နယ်မှ မအေးအေးမွန်မှလည်းကောင်း၊ လူငယ်အစုအဖွဲ့(၅)မှ လူငယ်နှင့်ပေါင်းစည်းမှုကွန်ယက် စာတမ်းကို ကျောက်တော်မြို့နယ်မှ မောင်ဇော်ဝင်းဦးမှလည်းကောင်း၊ လူငယ်အစုအဖွဲ့(၆)မှ ပါတီလူငယ်များနှင့်ဝန်းရံ လူငယ်များစုစည်းပြီး စာတမ်းကို မာန်အောင်မြို့နယ်မှ မောင်ကျော်စွာငြိမ်းမှလည်းကောင်း၊ လူငယ်အစုအဖွဲ့ (၇)မှ ပညာရပ်ဆိုင်ရာနှင့် လူငယ်ကဏ္ဍမြှင့်တင်ရေး စာတမ်းကို အမ်းမြို့နယ်မှ မောင်ဇော်ဝင်းမောင်မှ လည်းကောင်း အသီးသီးဖတ်ကြားတင်သွင်းခဲ့ကြပြီး ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်) မှ စာတမ်း(၇)စောင်နှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်ပြီး စာတမ်း(၇)စောင်အား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို ပြည်နယ်ကော်မတီဝင်များမှလည်းကောင်း ပေးအပ် ချီးမြှင့်ခဲ့ကာ လူငယ်နှီးနှောဖလှယ်ပွဲ ဆုံးဖြတ်ချက်များအား ပြည်နယ်လူငယ်တာဝန်ခံမှ ကြေငြာခဲ့ပြီးပြည်နယ်ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ လူငယ်တေးသီချင်းသီဆို၍ လူငယ်နှီးနှောဖလှယ် ပွဲအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း တင်ပြအပ်ပါသည်။