ရှားပါး တောဆိတ်တစ်မျိုးကို အမဲလိုက်သတ်ဖြတ်ခဲ့မှုဖြင့် ဘောလိဝုဒ် နာမည်ကျော်မင်းသား ဆယ်လ်မန်ခန်း ထောင်ဒဏ်ချမှတ်ခံရ

လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကာလက ရှားပါးတောဆိတ် မျိုးစိတ်တစ်မျိုးကို အမဲလိုက်သတ်ဖြတ်ခဲ့မှုဖြင့် ဘောလိဝုဒ် နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းမှာ အပြစ်ရှိကြောင်း အိန္ဒိယတရားရုံးတစ်ခုက ဆုံးဖြတ်လိုက်ပါတယ်။

ခန်းဟာ အိန္ဒိယအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်မှာ ရုပ်ရှင်ရိုက်ကူးနေခဲ့စဉ်က ကာကွယ်စောင့်ရှောက်ထားတဲ့ မျိုးစိတ်တစ်ခုဖြစ်သော အနက်ရောင်တောဆိတ်နှစ်ကောင်ကို အမဲလိုက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ယင်းဇာတ်ကားမှာ ခန်းနဲ့ အတူ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်လေးဦးဟာလည်း ပြစ်မှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပြီး သူတို့ကိုတော့ Jodhpur တရားရုံးက တရားသေလွှတ်ပေးခဲ့ပါတယ်။ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက် တာကြောင့် ခန်းကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။ သူ့ အနေနဲ့  ဒီစီရင်ချက်အပေါ် အယူခံဝင်နိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဆယ်လ်မန်ခန်းဟာ ၂၀၀၂ ခုနှစ်က အိမ်ခြေမဲ့တစ်ဦး သေဆုံးစေခဲ့တဲ့ ကားနဲ့ တိုက် ပြေးမှုဖြစ်စဉ်ကို ၂၀၁၅ ခုနှစ်မှာ အမှုပြီးပြတ်ထားခဲ့တာဖြစ်ပြီး ယင်းဖြစ်စဉ်အပြီး ပထမဆုံးအကြိမ်အဖြစ် ဥပဒေကြောင်းဆိုင်ရာ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ရှားပါးတိရိစ္ဆာန်မျိုးစိတ်ကို အမဲလိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး မင်းသားကို စွဲချက် ၄ ခုနဲ့ တရားစွဲ ဆိုခဲ့ကာ စွဲချက် သုံးခုကိုတော့ တရားရုံးက တရားသေလွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

Ref: BBC