ငဖဲမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လပတ်​ပုံမှန်​ အစည်း အ​ဝေးနှင့်​ ကွန်​ပျူတာသင်​တန်း ကျင်းပ

 

ငဖဲ မတ်​၃၁

ငဖဲမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီသည်​ လပတ်​ပုံမှန်​အစည်းအ​ဝေး (၃/၂၀၁၈)နှင့်​ ဒုတိယအကြိမ်​ ​နွေရာသီကွန်​ပျူတာသင်​တန်း ၁/၂၀၁၈ ကို ၃၁-၃-၂၀၁၈ ရက်​နေ့တွင်​ ငဖဲမြို့နယ် ပြည်​ခိုင်​ဖြိုးရုံးခန်းမ၌ ကျင်းပခဲ့ပါသည်​။
အဆိုပါ အခမ်းအနားများသို့ ခရိုင်​​ကော်​မတီဝင်​ ဦး​မောင်​​မောင်​ဝမ်း၊ မြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​နိုင်​လင်းနှင့်​ မြို့နယ်​​ကော်​မတီဝင်​များ MCC Computer Center မှ ဆရာမ ​ဒေါ်အိမွန်​လှိုင်​၊ ရပ်​​ကျေးပါတီဥက္ကဌများ ပါတီလူငယ်​များ တက်​​ရောက်​ခဲ့ကြပါသည်​။
ငဖဲမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီနှင့်​ MCC Computer တို့ ပူးတွဲဖွင့်​လှစ်​​သည့်​ ​နွေရာသီကွန်​ပျူတာသင်​တန်းကို ယမန်​နှစ်​က ၁ ကြိမ်​ ယခုနှစ်​တွင်​ ဒုတိယအကြိမ်​ ကျင်းပခြင်းဖြစ်​ပြီး သင်​တန်းသားများအား Certificate ​ပေးအပ်​ချီးမြှင့်​နိုင်​ရန်​ ​ဆောင်​ရွက်​​နေခြင်းဖြစ်​ပါသည်​။
အစည်းအ​ဝေးအပြီးတွင်​ မင်းဘူးခရိုင်​ လူငယ်​​တွေ့ဆုံပွဲ၌ ထူးချွန်​စွာ စွမ်း​ဆောင်​ခဲ့ကြ​သော ပြိုင်​ပွဲဝင်​အိုးစည်းဝိုင်းအဖွဲ့ ၊ Public Speaking ၊ ​ဖျော်​​ဖြေ​ရေး ကချင်​ဂျိမ်း​ဖောအကအဖွဲ့တို့အား မြို့နယ်​စည်းရုံး​ရေး​ကော်​မတီ၏ ဂုဏ်​ပြုမှတ်​တမ်းလွှာများ အသီးသီး​ပေးအပ်​ကာ အခမ်းအနားကို ​နေ့လည်​ ၁၂းဝဝ နာရီတွင်​ ရုပ်​သိမ်းခဲ့ပါသည်​။

ငဖဲ