မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

 

ဖျာပုံ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ဖျာပုံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစန်းမောင်၊ခရိုင်ပါတီ အတွင်းရေးမှူး ဦးစောအောင်ချစ်ဆွေ၊ ခရိုင်ပါတီကော်မတီဝင် ဦးလှမိုး၊ ဖျာပုံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမိုးအောင်၊ မြို့နယ်အတွင်း ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ကော်မတီဝင် ဦးပေါ်လွင်တို့ သည် ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စု ရွှေထီးကျေးရွာတွင် ယမန်နေ့နံနက် ၁ဝနာရီခွဲကမီးဘေးသင့်အိမ်ထောင်စု ၃၆ စု အား တစ်အိမ်ထောင်စုလျှင် ခေါက်ဆွဲခြောက် တစ်ဖာ၊ရေသန့်တစ်ကတ်၊ ဆန်နှစ်ပြည်၊ ဆီ ၂၅ကျပ်သား တစ်ဘူးစီအား ကျေးရွာပြည်ခိုင်ဖြိုး ပါတီအဖွဲ့နှင့် ပူးပေါင်းပေးအပ်လှူဒါန်းကာ အားပေးစကားများ ပြောကြားခဲ့သည်။