ချဲလ်ဆီးနှင့်ပွဲတွင် ဟယ်ရီကိန်း ပြန်ကစားနိုင်ဖွယ်ရှိ
စပါးနည်းပြ ပိုချက်တီနိုက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ တနင်္ဂနွေနေ့ ချဲလ်ဆီးနဲ့ ကစားမယ့်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာ ခြေကျင်းဝတ်အရွတ်ကြောဒဏ်ရာ ရရှိခဲ့ပြီးတဲ့နောက် အခုအချိန်အထိ အနားယူခဲ့ ရပါတယ်။
ဟယ်ရီကိန်းဟာ စပါးပထမအသင်းနဲ့အတူ လေ့ကျင့်ခန်း မဆင်းနိုင်သေးပေမယ့် ချဲလ်ဆီးနဲ့ ပွဲမှာ ပါဝင်နိုင်ဖို့ ရှိတယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။
ဟယ်ရီကိန်ဟာ အခုရာသီမှာ စပါးအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး (၃၉)ပွဲမှာ (၃၅)ဂိုးသွင်းယူခဲ့ပါတယ်။
-Ref; Sky sports