အသက် (၇၈) နှစ်အရွယ်ရှိ အဘိုးဦးရဲမြင့်ဆွေအား မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုး ရေးပါတီမှ ဂုဏ်ပြုချီးမြှင့်
(၇၃) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျောက်ပန်းတောင်း – မန္တလေး (၁၆၂) မိုင်အကွာ အဝေးအား တစ်ကိုယ်တော်လမ်းလျှောက်သည့် အသက် (၇၈) နှစ်အရွယ်ရှိ အဘိုးဦးရဲမြင့်ဆွေအား မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဂုဏ်ပြုချီးမြှင့်ငွေ (၁၀၀၀၀၀) ကျပ်ကို (၂၄.၃.၂၀၁၈) ရက်နေ့ (၁၄း၃၀) အချိန်က တိုင်းဒေသကြီးပါတီရုံးဧည့်ခန်းမတွင် ပေးအပ်ခဲ့သည်။ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးမျိုးမြင့်နှင့် ဦးကျော်စန်း၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ချမ်းအေးသာစံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်ဌေး၊ မြို့နယ်ကော်မတီဝင် ဦးစန်းမောင်တို့ တက်ရောက်ခဲ့ကြသည်။
အဘိုး ဦးရဲမြင့်ဆွေသည် မြန်မာ့တပ်မတော်တွင် တပ်ကြပ်ကြီးအဆင့်ထိ အနှစ် (၃၀) တာဝန်ထမ်းခဲ့ပြီး လက်ရှိအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ အမှတ်(၁၃၂) သုခမိန်လမ်း၊ လွတ်လပ်ရေးရပ်ကွက်တွင် နေထိုင်သူ တစ်ဦးဖြစ်ကာ ကျောက်ပန်းတောင်းမြို့တွင် နေ့စဉ် နံနက်ပိုင်း ပုံမှန်လမ်းလျှောက်သူတစ်ဦးဖြစ်ကြောင်း သိရသည်။