နှစ် (၆၀) ပြည့် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုးရိုးရာပွဲတော်သို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်အားပေးခြင်း

 

ဒီးမော့ဆိုမြို့ – မတ်လ ၂၁

မတ်လ (၂၁) ရက်နေ့ နံနက် (၇း၀၀) နာရီအချိန်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါကလော်ဒူကျေးရွာအုပ်စု၊ (ကန်ခုနှစ်ဆင့်) ဒေါတငူး(ရှေ့) ကျေးရွာတွင် နှစ် (၆၀) ပြည့် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုးရိုးရာပွဲတော်သို့ ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် ပြည်နယ်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒီးမော့ဆိုမြို့နယ် ကော်မတီဝင်များ တက်ရောက်ကြပါသည်။
ယင်းပွဲတော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ၊ ကယားပြည်နယ်လုံးဆိုင်ရာကေ့ထျိုးဘိုးရိုးရာဂေါပကအဖွဲ့ချုပ် ဥက္ကဌ ဦးပိုးရယ်အောင်သိန်းသည် စုပေါင်းကေ့ထျိုးဘိုးတိုင်တော်စိုက်ထူခြင်း၊ ကဗ္မည်းကျောက်စာတိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ကဗ္မည်းကျောက်စာတိုင်အား အမွှေးနံ့သာပက်ဖြန်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပွဲတော်ကျင်းပရေးအခမ်းအနားလူထုအစည်းအဝေးတွင် အမှာစကား ပြောကြားခဲ့ကြောင်းနှင့် တက်ရောက်လာသောဧည့်သည်တော်များအား နေ့လည်စာမိတ်ဆုံစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံကြောင်း သိရှိရသည်။

Crd;