အောင်​​မြေသာစံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု(ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲအခမ်းအနား ကျင်းပပြုလုပ်

 

(၂၀.၃.၂၀၁၈)ရက်​​နေ့ နံနက်​(၀၉း၀၀)အချိန်​တွင်​ ​အောင်​​မြေသာစံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု(ဆင့်​ပွား)သင်​တန်းဖွင့်​ပွဲအခမ်းအနားကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီ​ဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်းပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမျိုးမြင့်​နှင့်​ဦး​ကျော်​စန်း၊ မန္တ​လေးခရိုင်​ပါတီဥက္ကဌ ဦးဘိုသင်းနှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများ၊ ​အောင်​​မြေသာစံမြို့နယ်​ပါတီဥက္ကဌ ဦးကိုကို​လေးနှင့်​​ကော်​မတီဝင်​များ၊ သင်​တန်းသား/သူများတက်​​ရောက်​ခဲ့ကြပြီး အခမ်းအနားအားနိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​နှင့်​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ဦးမျိုးမြင့်​တို့မှ သင်​တန်းဖွင့်​အမှာစကား​များ​ပြောကြားခဲ့​ကြကြောင်းသိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး