မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်လူငယ်တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်
မင်းဘူး မတ် ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီခရိုင်လူငယ်တွေဆုံပွဲအခမ်းအနားကို မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက်ဆယ်နာရီတိတိအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ရှေးဦးစွာခမ်းအနားတွင် ခရိုင်အတွင်းငါးမြို့နယ်လူငယ်များမှ နိုင်ငံတော်သီချင်းသီဆိုခြင်းပါတီသဓိဌာန်ရွတ်ဆိုခြင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။ထို့နောက်မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး တိုင်းအတွင်းရေးမှူးဦးဆန်းညွန့်အောင်တိုင်းပါတီကော်မတီဝင် ဦးဟန်မောင် မကွေးတိုင်းဒေသကြီးလူငယ်တာဝန်ခံဦးကျော်သူဦး တိုင်းပါတီကော်မတီဝင်ဦးအောင်နိုင် နှင့် မင်းဘူးခရိုင်ပါတီကော်မတီဝင်များ မင်းဘူးမြို့နယ်ပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်များ ပွင့်ဖြူမြို့နယ်ပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်များ ငဖဲမြို့နယ်ပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်များစေတုတ္တရာမြို့နယ်ဥက္ကဌနှင့်ပါတီကော်မတီဝင်များ စလင်းမြို့နယ်ဥက္ကဌနှင့်ပါတီကော်မတီဝင်များ မင်းဘူးခရိုင်အတွင်းရှိငါးမြို့နယ်မှ လူငယ်ကေဒါများ စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာအခမ်းအနားကို ခရိုင်အတွင်းငါးမြို့နယ်မှလူငယ်ရေးရာကော်မတီဥက္ကဌများမှ တက်ရောက်အင်အားများကို တင်ပြကြပါသည်။ထို့နောက်အခမ်းအနားတွင် တိုင်းပါတီဥက္ကဌဒေါက်တာမောင်မောင်ဌေးမှ လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းပါတီလူငယ်ရေးရာကော်မတီဥက္ကဦးကျော်သူဦးမှအမှာစကားပြောကြားခဲ့ပါသည်။ထို့နောက်တိုင်းပါတီကော်မတီဝင်ဦးဟန်မောင်မှစည်းရုံးရေးလုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍မင်းဘူးခရိုင်ပါတီကော်မတီဝင်ဦးစန်းယုနိုင်မှ နူတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဌဦးစိန်ရွှေမင်းမှ ခရိုင်လူငယ်တွေ့ဆုံပွဲပြုလုပ်ရသည့်အကြောင်းအရင်းနှင့်ပါတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ပါသည်။
ထို့နောက် မင်းဘူးခရိုင်အတွင်းငါးမြို့နယ်လူငယ်များမှအကအလှများဖြင့်ဖျော်ဖြေခဲ့ပြီး နေ့လည် ၁၂နာရီအချိန်တွင်အခမ်းအနားပထမပိုင်းအစီအစဉ်ပြီးဆုံးခဲ့ပါသည်။
Linn Zaw Aung