ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ကျင်းပ

 

(19.3.2018) ရက်နေ့ ငါန်းဇွန်မြို့ ပြည်ခိုင်ဖြိုးခန်းမတွင် ပြုလုပ်ကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းကို နံနက် (9:00) နာရီတွင်ကျင်းပပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးပါတီကော်မတီ မြင်းခြံခရိုင်တာဝန်ခံနှင့် မြင်းခြံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ကြီး ဦးကျော်တင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီး ဦးကိုကိုနှင့် မြို့နယ်ပါတီကော်မတီဝင်များ ငါန်းဇွန်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဌများနှင့် သင်တန်းသား (၁၀၀) တို့တက် ရောက်ခဲ့ပြီး သင်တန်းအဖွင့်အမှာစကားကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွငိ့အမှာစကားပြောကြားခဲ့ပါသည်။