မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌတာဝန်ပေးအပ်ရန် အကြိုညှိ့နှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး အရှေပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံးခန်းမတွင် ယမန်နေ့နေ့လည် ၁ နာရီမှ စတင်ပြီး မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်မြင့်နှင့် အတွင်းရေးမှူး ဦးဝင်းကြိုင်၊ ဘဏ္ဍာရေးမှူး ဦးသန်းထိုက်နှင့် ရေးရာတာဝန်ခံများ ၁၉/ရပ်ကွက်ရှိ ရပ်ကွက်ပါတီခေါင်းဆောင်များ၊ ရပ်ကွက်ပါတီရေးရာတာဝန်ခံများ စုစုပေါင်း ၇၅ ဦးတို့သည် ရပ်ကွက်ပါတီဥက္ကနှင့် ကော်မတီများ တာဝန်ပေးအပ်ပွဲ အကြို ညှိုနှိုင်းအစည်းအဝေးအား တက်ရောက်ကြပါသည်။ မြို့နယ် ပါတီဥက္ကဌ ဦးခင်မောင်မြင့်က လုပ်ဆောင်ရမည့်ပါတီလုပ်ငန်းစဉ်များကို လမ်းညွန်အမှာစကားပြောကြားပြီး မြို့နယ်ပါတီကော်မတီဝင်ရေးရာတာဝန်များက ရေးရာအလိုက်ေ ဆွးနွေးကြပါသည်။ တက်ရောက်လာသူများမှ မရှင်းလင်းသည့် ကိစ္စများဆွေးနွေးကြပြီး မြို့နယ်ပါတီဥက္ကဌမှလိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်းပေးပြီး အစည်းအဝေးအား နေ့လည် (၂) နာရီတွင် အောင်မြင်စွာပြီးမြောက်ပါသည်။
အေးမင်းဇော်(မြောက်ဥက္ကလာ)