တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲ အခမ်းအနား

 

၁၆.၃.၂၀၁၈ – သောကြာနေ့
ဝက္ကသေးကျေးရွာစုရပ်

ယခုအချိန်သည် လက်ရှိအစိုးရအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု အားနည်းလာတဲ့အချိန်ဖြစ် နေပါသည်။ ဒီအချိန်ကာလ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး ပြည်သူအားကိုး ပြည်ခိုင်ဖြိုး ဆိုတဲ့အတိုင်း ပြည်သူလူထုက မိမိတို့ကို ပြန်ပြီး တမ်းတလာအောင် .. ပြန်ပြီး တာဝန်ပေးလာအောင် လိမ္မာပါးနပ်စွာနဲ့ စည်းရုံး ဆောင်ရွက်ကြဖို့ လိုပါတယ်။
အခုတာဝန်ပေးလိုက်တဲ့ ရပ်ကျေးပါတီ ဥက္ကဌများ အနေနဲ့ မိမိတို့ ပါတီရဲ့ ခံယူချက် ယုံကြည်ချက် မူဝါဒ နဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အခုထက်ပိုပြီး သိရှိအောင် ကြိုးစားဖို့ လိုအပ်သလို လက်ရှိအစိုးရ နဲ့ မြန်မာနိုင်ငံရေးအခြေ အနေကိုလည်း မျက်ခြေမပြတ်လေ့လာနေပြီး မိမိတို့အစိုးရလက်ထက် က အခြေအနေများနဲ့ နှိုင်းယှဉ်ကာ ပြည်သူကို ဆွေးနွေးခြင်းဖြင့် မိမိပါတီဝင်တွေရဲ့ စိတ်ဓာတ်အင်အားကို ပိုမိုခိုင်မာအောင် – ပါတီမဝင်သော် လည်း မိမိကို ဝန်းရံမယ့် အင်အားတွေများလာအောင် ကြိုးစားကြပါ ဆိုတဲ့ ပါတီဗဟို ကော်မတီဝင် ဦးသန်းဝင်း ရဲ့ အမှာစကားနဲ့ အတူ စစ်တား ကံသာ သီရိမင်္ဂလာ ဝက္ကသေး (၄) အုပ်စု ပါတီဥက္ကဌ တာဝန်ပေးအပ်ခဲ့ပါသည်။

တောင်တွင်းကြီးပြည်ခိုင်ဖြိုး