မော်ရင်ဟိုကို ထုတ်ပယ်ဖို့ မန်ယူပရိသတ်တွေ တောင်းဆိုခဲ့
မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဆီဗီလာကို ၂-၁ နဲ့ ရှုံးခဲ့ပြီးတဲ့နောက် နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
မန်ယူဟာ အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့လို့ ဒီပွဲမှာ တိုက်စစ်ဆင်မယ်လို့ ခန့်မှန်းထားပေမယ့် မော်ရင်ဟိုဟာပွဲကို သတိထားချဉ်းကပ်တဲ့ နည်းစနစ်ကိုဘဲ ကျင့်သုံးခဲ့ပြီးဆီဗီလာက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့အတူ နိုင်ပွဲ ရယူ သွားခဲ့တာပါ။ ဒီအရှုံးကြောင့် မန်ယူဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံး ၃ကြိမ်မှာ ၂ ကြိမ် ထွက်ခဲ့ရတဲ့အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။
ဒါကြောင့်လည်းပရိသတ်တွေက ဒေါသွက်ခဲ့ကြပြီးကွင်းထဲမှာလည်း လှောင်ပြောင်ခံခဲ့ရပါတယ်။ ဒီအနိုင်ကြောင့် ဆီဗီလာဟာ ၁၉၅၇/၅၈ ဘောလုံးရာသီနောက်ပိုင်း ကွာတားအဆင့်ကို ပထမဆုံးအကြိမ်တက်သွာခဲ့ပြီဖြစ်ပါတယ်။
90Minutes