အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ဆောင်
ရန်ကုန် မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် ဖြိုးစေတနာ အခမဲ့ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၁ဝ နာရီက ဘလုတ်ညွန့်ကျေးရွာ ကံသာအေးဘုန်းတော် ကြီးကျောင်းတွင် ကျန်းမာရေးအခမဲ့စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ ဒေါ်စန်းစန်းဝင်း (၁)၊ ဒေါ်စန်းစန်းဝင်း (၂) နှင့်အဖွဲ့ဝင်များ၊ ဒေါက်တာစိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်ဝင်းအောင်နှင့် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များမှ ကူညီဆောင်ရွက်ပေး ခဲ့ကြရာ လူနာ ၁ဝဝ ကျော်ကို ကုသပေးနိုင်ခဲ့ကြကြောင်း သိရသည်။
ထိန်ဝင်း(YGN)